2015年1月13日星期二

ROOT အကြောင်း(rootဆိုတာဘာလဲ) တောင်းဆိုထားသူတွေဖတ်ပေတော့

1 credit ။ ။ ကိုဇော်သွင်

Rootလုပ်တယ်ဆိုတာဖုန်းကိုမိမိစိတ်ကြိုက်ပြုလုပ်ဖန်တီးနိုင်ဖို့ထွင်းဖောက်လိုက်တာမျိုးပါ။
အမြစ်တူးလိုက်တယ်ဆိုတဲ့သဘောပေါ့
သစ်ပင်တစ်ပင်ရဲ့ အသက် ၊ လေဒဏ် ၊ မိုးဒဏ် တွေကို ကာကွယ်ဖို့အတွက် မားမားမတ်မတ် ရပ်တည်နိုင်ဖို့အတွက် အရေးကြီးဆုံး အဓိက အစိတ်အပိုင်းတစ်ခုပေါ့။ နည်းပညာမှာတော့ ဒီ Root ဆိုတာ Linux Open Source Operation System ရဲ့ အသုံးအနှုန်းတစ်ခုပါ။ Android ဆိုတာလဲ linux ကိုအခြေခံ ဖန်းတီး ပြုလုပ်ထားတာပါပဲ။ Root ဆိုတာက Linux မှာဆိုရင်တော့ System ရဲ့ အဓိက အစိတ်အပိုင်းတည်ရှိရာ နေရာကို ပြောခြင်းဖြစ်ပါတယ်။ Android Phone တွေမှာဆိုရင်လဲ ဖုန်းတစ်ခုလုံးရဲ့ လည်ပတ်တဲ့ စနစ်ကို ထည့်သွင်းထားတဲ့ အဓိက နေရာ တစ်ခုပါ။ ဥပမာ - Windows Xp/ 7 စသည်ဖြင့် windows အသုံးပြု Computer တွေမှာဆိုရင်လဲ Windows ရှိနေတဲ့ (Eg: C:/ )နေရာမျိုးပေါ့။ အဲလောက်ဆို နားလည်မယ်လို့ ထင်ပါတယ်။
ဘာကြောင့် Android Phone တွေမှာ Root လုပ်ရတာလဲ ..... ??
Root ဆိုတာ ဘာလဲ ။ ဘယ်လို နေရာမျိုးလဲဆိုတာ စာဖတ်သူ သဘောပေါက်လောက်ပြီ ထင်ပါတယ်။ အဲဒီတော့ အဲလို အဓိကကျတဲ့ အရေးကြီးတဲ့ နေရာ ၊ တစ်ခုခု မှားလုပ်မိရင် System တစ်ခုလုံး သုံးမရအောင် ဖြစ်သွားနိုင်တဲ့ နေရာမျိုးကို ဖုန်းထုတ်လုပ်တဲ့ သူတွေက ကွယ်ဝှက်ထားပါတယ်။ အသုံးပြုသူ user တွေ မတွေ့အောင် ၊ အသုံးပြုလို့ မရအောင် လုပ်ထားပါတယ်။ ဘာကြောင့်လဲ ?? ရှင်းရှင်းလေးပါ .. ခင်ဗျားတို့ စဉ်းစားကြည့်ပေါ့ ......
Root မလုပ်ပဲ Official သုံးနေလို့ရောမရဘူးလား။ ရပါတယ်။ ဒါပေမဲ့ ကျွန်တော်တို့မှာ လိုအပ်ချက်တွေ ရှိနေတယ်။ ဖုန်းနဲ့ အင်တာနက်လေးသုံးချင်တယ်။ website တွေ ၊ Forun တွေ ၀င်ကြည့်ချင်တယ်။ Chatting ထိုင်ချင်တယ်။ အဲဒီအတွက် ဖုန်းမှာ မြန်မာလို အသုံးပြုချင်တယ်။ မြန်မာလို စာရိုက်ချင်တယ်။ နောက်တစ်ခု ကိုယ့်ရဲ့ Android Version ကို Update လုပ်ချင်တယ်။ အသစ်အသစ် လေးတွေကို လူတိုင်းမက်မောတက်ကြတာပဲလေ။ ဖုန်းဝယ်ကတည်းက ပါလာတဲ့ Application တွေမှာ ကိုယ့်အတွက် အသုံးမ၀င်တာတွေက များနေတယ်။ ဖြုတ်ချလို့လဲ မရဘူး။ နောက်တစ်ခါ Android Application တွေကလဲ အစုံပဲ။ ပေါလိုက်တာ ။ IPhone လိုပိုက်ဆံပေးပြီး ၀ယ်ထည့်စရာလဲ မလိုဘူး။ game တွေကလဲ အစုံပဲ။
စိတ်ကူးရှိတိုင်းထည့်နဲ့ ဖုန်းမှာပါတဲ့ Internal memory မှာတစ်ဖြည်းဖြည်းများလာမယ်။ အဲဒီအခါ ဖုန်းက လေးလာတယ်။ SD Card ထဲရွှေ့ထားချင်ပေမဲ့လည်း ရွှေ့လို့ မရဘူး။ နောက်ကိုယ့်ဖုန်းတစ်ခုလုံးကို Backup လုပ်ထားချင်တယ်။ မတော်လို့ ဖုန်းကပျက်သွားရင် အထဲက မှတ်ထားတဲ့ Content တွေ ၊ Message တွေ စသည်ဖြင့် အများကြီးပဲ။ ပျက်တာ သွားရင်တော့ ကြေကွဲပြီ။ အဲဒီလို ပြဿနာတွေ အများကြီးကို ဖြေရှင်းဖို့အတွက်က တစ်နည်းပဲ ရှိပါတယ်။ ဖုန်းထုတ်လုပ်သူတွေ ကွယ်ဝှက်ထားတဲ့ Root နေရာ ၊ သူတို့တွေ ဖျောက်ထားတဲ့ SuperUser ကို ကျွန်တော်တို့က လုယူကြရမှာပေါ့။ SuperUser ဆိုတာတစ်နည်းအားဖြင့် Windows မှာလိုဆိုရင်တော့ Administrator လိုမျိုးပါ။ Android OS တစ်ခုလုံးကို စိတ်ကြိုက် မွှေနှောက်ခွင့်ရှိတဲ့ စက်ရုပ်တစ်ရုပ်ပေါ့။ အဲဒီလို System တစ်ခုလုံးကို စိတ်ကြိုက်မွှေနှောက်နိုင်ဖို့အတွက် ကျွန်တော်တို့ Android ကို Root လုပ်ရခြင်း ဖြစ်ပါတယ်။ အဲလောက်ဆို ဘာကြောင့် Root လုပ်တယ်ဆိုတာကို သဘောပေါက်မယ်လို့ ထင်ပါတယ်
credit ။ ။aungtuntun kyaw
လူတိုင်း root ဖောက်တယ် root လုပ်တယ်ဆိုတာကြားဖူးကြမှာပါ။ rootဆိုတာ system အတွက် acess ရအောင် ခွင့်ပြုမိန့်တောင်းတဲ့သဘောပါ။ ပြီးတော့မြန်မာဖောင့် တို့ မြန်မာလက်ကွက်ကီးဘုတ်တို့ကိုထည့်သွင်းနိုင်ရန်အတွက်ပါ။ androidဖုန်းတစ်လုံးဟာ သူ့ရဲ့ os မှာကန့်သတ်ချက်တွေရှိပါတယ်။ဥပမာ အားဖြင့် original firmware ကြီး တစ်ခုလုံးမှာ english font ပဲအသုံးပြုလို့ရမယ်လို့ သတ်မှတ်ထားတယ်။ကိုယ်က ကန့်သတ်ထားတာထက်ပိုသုံးချင်တယ် အဲဒီအတွက် root ဖောက်တယ်ဆိုတာဖြစ်ပေါ်လာရတာပါ။ဒီနေရာမှာမြန်မာဖောင့်တစ်မျိုးထဲကိုပြောတာမဟုတ်ဘူးနော်။ system ကြီးတစ်ခုလုံးကိုဝင်မွှေလို့ရပါတယ်။system app တွေ uninstall လုပ်တာမျိုးတို့ အကုန်ဝင်ပြင်လို့ရပါတယ်။ အရမ်းတော့မကလိပါနဲ့အခန့်မသင့်လျှင် firmware ပျက်သွားနိုင်ပါတယ်။android ဟာ linux kernel ပေါ်မှာလည်ပတ်တဲ့အတွက် root လို့ခေါ်ဆိုခြင်းဖြစ်ပါသည်။root ဖောက်ထားတဲ့ဖုန်းမှာ RAM တိုးခြင်းတို့ကိုဆောင်ရွက်နိုင်ပါသည်။ကဲrootဆိုတာကိုအလွယ်ဆုံးပြောရရင် လှောင်အိမ်ထဲက ငှက်တစ်ကောင် လှောင်အိမ်ကလွတ်ပြီးသူပျံသန်းချင်ရာပျံသန်းနိုင်သလိုပေါ့ ဗျာ။

2 credit ။ ။ minminchit ရဲ့  root အကြောင်း

မြန်မာစာထည့်မယ်ဆိုရင် Fontstyle ပါတဲ့ဖုန်းတွေကလွဲလို့ ကျန်တဲ့ဖုန်းတွေမှာမြန်မာစာထည့်မယ်ဆိုရင်
ဖုန်းကို root ဖောင့်ပြီးမှမြန်မာစာထည့်လို့ရတာပါ တချို့တွေကမေးတယ် root ဖောင့်တာဘာထူးလည်းတဲ့
အာမခံပျက်သွားတယ်လို့ပြောတယ် အဲဒါရောဟုတ်လားလို့မေးလာကြတယ်
အဓိကကတော့ကုမ္ပဏီထုတ်လုပ်တာက Android ဖုန်းတွေမှာ Open source လို့ပြောပေမယ့်
30% လောက်သာအပြည့်အဝသုံးပြုခွင့်ရတာပါ ကျန်တာကတော့ပိတ်ထားတဲ့ အနေအထားမှာရှိနေတာပါ
အဲဒီ 30% အနေအထားမှာ ကျွန်တော်တို့ကို System ပိုင်းထဲမှာ ဘာမှပြင်ဆင်ခွင့်မပေးသေးတဲ့အတွက
မြန်မာစာမြင်ရဖို့အရေးကို System ထဲကနေ font ဖိုင်ထဲကို ကိုယ်တွေအများဆုံးသုံးတဲ့
Zawgyi One မြန်မာစာကိုထည့်ပေးရမှာမို့ ထည့်ခွင့်ရအောင်က (တစ်ခါတစ်လေမြန်မာစာပါပြီးသား
ဖုန်းတွေလည်းရှိပါတယ် ဒါပေမယ့်မြန်မာစာမမှန်ပါဘူး အများအားတခြားဖောက်ဖြစ်နေတာများလို့ပါ)
ကုမ္ပဏီကပိတ်ထားတဲ့ 70% ထဲက ထပ်ရဖို့အတွက် root ဖောက်ရပါတယ် root ဖောင့်ခြင်းအားဖြင့်
ကုမ္ပဏီကပေးထားတဲ့ အာမခံကပျက်သွားမယ်လို့ပြောရင်ရသလို မပျက်အောင်လုပ်တဲ့နည်းလည်းရှိပါတယ် အဓိကကတော့ ဖုန်းတစ်လုံးလုံးဖွင့်လို့မရအောင် ပျက်သွားတာတို့၊ Phone Firmware မတက်တာဆိုရင်
အာမခံကသုံးလို့ရပါသေးတယ် ဒါပေမယ့်နည်းနည်းပါးပါးဖြစ်တဲ့ Firmware
တက်တဲ့အနေအထားကနေကုမ္ပဏီပြန်ဖို့ရင်တော့ တချို့သောဆိုင်တွေမှာ လက်မခံတတ်ပါဘူး ဥပမာ
မှန်တော့လို့မရတာတို့လိုမျိုးတွေမှာပေါ့ အဲလိုအနေအထားဆိုရင်တော့ ဖုန်းကို
root ပြန်ဖြုတ်ပြီးမှဆိုင်ပို့ရင်တော့ အာမခံမပျက်ဘဲလုံးဝ 100% မူလအာမခံအတိုင်းသုံးလို့ရမှာဖြစ်ပါတယ်
ဒီအဆင့်ကတော့ဖုန်းထဲကနေ root ဖောင့်ခြင်း(သို့မဟုတ်)ကွန်ပျူတာကနေ
root ဖောင့်ခြင်းသွင်းခြင်းအတွက်သာဖြစ်ပါတယ်

3 aungtuntun kyaw ရဲ့  root အကြောင်း

လူတိုင်း root ဖောက်တယ် root လုပ်တယ်ဆိုတာကြားဖူးကြမှာပါ။ rootဆိုတာ system အတွက် acess ရအောင် ခွင့်ပြုမိန့်တောင်းတဲ့သဘောပါ။ ပြီးတော့မြန်မာဖောင့် တို့ မြန်မာလက်ကွက်ကီးဘုတ်တို့ကိုထည့်သွင်းနိုင်ရန်အတွက်ပါ။ androidဖုန်းတစ်လုံးဟာ သူ့ရဲ့ os မှာကန့်သတ်ချက်တွေရှိပါတယ်။ဥပမာ အားဖြင့် original firmware ကြီး တစ်ခုလုံးမှာ english font ပဲအသုံးပြုလို့ရမယ်လို့ သတ်မှတ်ထားတယ်။ကိုယ်က ကန့်သတ်ထားတာထက်ပိုသုံးချင်တယ် အဲဒီအတွက် root ဖောက်တယ်ဆိုတာဖြစ်ပေါ်လာရတာပါ။ဒီနေရာမှာမြန်မာဖောင့်တစ်မျိုးထဲကိုပြောတာမဟုတ်ဘူးနော်။ system ကြီးတစ်ခုလုံးကိုဝင်မွှေလို့ရပါတယ်။system app တွေ uninstall လုပ်တာမျိုးတို့ အကုန်ဝင်ပြင်လို့ရပါတယ်။ အရမ်းတော့မကလိပါနဲ့အခန့်မသင့်လျှင် firmware ပျက်သွားနိုင်ပါတယ်။android ဟာ linux kernel ပေါ်မှာလည်ပတ်တဲ့အတွက် root လို့ခေါ်ဆိုခြင်းဖြစ်ပါသည်။root ဖောက်ထားတဲ့ဖုန်းမှာ RAM တိုးခြင်းတို့ကိုဆောင်ရွက်နိုင်ပါသည်။ကဲrootဆိုတာကိုအလွယ်ဆုံးပြောရရင် လှောင်အိမ်ထဲက ငှက်တစ်ကောင် လှောင်အိမ်ကလွတ်ပြီးသူပျံသန်းချင်ရာပျံသန်းနိုင်သလိုပေါ့ ဗျာ။

4 ဇူးနစ်(နည်းပညာ) ရဲ့  root အကြောင်း

Android စက်ရုပ်ဖုန်းတလုံးကို လက်ဝယ်ကိုင်ထားတဲ့သူဟာ Root ဖောက်ထားမှသာ စိတ်ကြိုက်လုပ်ဆောင်နိုင်ပြီး စပယ်ရှယ် အကောင်းဆုံး ဆော့ဝဲလ်တွေကို အသုံးပြုနိုင်မှာပါ။ တချို့က Root ဖောက်တာကို မြန်မာစာထည့်ဖို့ တခုထဲအတွက်ဘဲလို့ သိထားကြတယ်။ ဖုန်းတလုံးကို ကိုယ်ဝယ်ထားပေမဲ့ Root မဖောက်ရသေးရင် အဲ့ဖုန်းကို ကိုယ်အပြည့်အဝ မပိုင်ဆိုင်သေးပါဘူး။ Root ဖောက်လိုက်မှသာ စိတ်ကြိုက် System အတွင်းပိုင်းထိ ဝင်ကလိရ ပြင်ရမှာပါ။ Root ဖောက်လိုက်ရင် ကိုယ့်ဖုန်းကို လုပ်တတ်လျှင် လုပ်တတ်သလို ပြင်ဆင်ရပါတယ်။ Root ဖောက်ပြီး မြန်မာစာ ထည့်တယ်ဆိုတာကလည်း Zawgyi မြန်မာဖောင့်ကို System Font Folder ထဲသို့ သွားသွင်းပေးတာကို ပြောတာပါ။ အဲ့ System ထဲကိုဝင်ဖို့က Root ဖောက်ထားမှ ရမှာမို့လို့ပါ။ Root ဖောက်လို့ ရရှိမဲ့ အကျိုးကျေးဇူးတွေက တပုံကြီးပါ။ ဆိုးကျိုးဆိုရင်တော့ ဝယ်လာတုန်းက ရရှိထားတဲ့ အာမခံချက် ပျက်သွားမှာပါဘဲ။ တော်ရုံ Facebook သုံး သီချင်းနားထောင် ဗီဒိယိုကြည့်ယုံလေး ဆိုရင်တော့ Root ဖောက်စရာ မလိုပါဘူး။ Zawgyi Apk ဆော့ဝဲလ်ကို သွင်းပေးပြီး Setting >> Display >> Font style မှာသွားချိန်းပေးယုံနဲ့ Facebook မှာမြန်မာစာ အဆင်ပြေပြေ အသုံးပြုနိုင်မှာပါ။ ဒါတောင် Browser, Google, Youtube, Myanmar Application တွေမှာတော့ မြန်မာစာ မြင်ရမည် မဟုတ်ပါ။Root ဖောက်ပြီး မြန်မာစာ ထည့်သွင်းတာဟာ Root ဖောက်လို့ ရရှိလာမဲ့အကျိုးကျေးဇူး ၁၀၀ ရာခိုင်နှုန်းဆိုရင် Root ဖောက်ပြီး မြန်မာစာ ထည့်ယူခြင်းဟာ ၁ ရာခိုင်နှုန်းပါဘဲ။ ကုန်ကုန်ပြောရရင် Root ဖောက်စေချင်တယ် Root မရှိတဲ့ Android ဖုန်းတလုံးဟာ အင်တာနက်မရှိတဲ့ ကွန်ပြူတာ တလုံးလိုပါဘဲ။ ဒီမှာတစ်ခု ပြောချင်တာက တချို့က Root ဖောက်လိုက်ရင် ဆိုးကျိုးတွေက အများကြီး ရှိလာနိုင်တယ်လို့ ထင်နေကြတယ်။ Root ဖောက်လို့ ဆိုးကျိုးမရှိပါဘူး Root နည်းမမှန်ရင်သာ ဆိုးကျိုးရှိမှာပါ။ Root ဖောက်လို့ ဆိုးကျိုးရှိတယ်ဆိုရင် Root ဆိုတဲ့ ဝါကျစကားလုံးဟာ ပေါ်ထွက်လာမှာ မဟုတ်ပါဘူး။ တချို့က Root ဖောက်ချင်ရင် Pro myanmar root, V root, Baidu root အစရှိတဲ့ တရုတ် Root ဖောက်တဲ့ဆော့ဝဲလ်တွေကို အသုံးပြုပြီး Root ဖောက်တတ်ကြတယ်။ ပြသနာက ဒီမှာပါဘဲ တရုတ်ဆော့ဝဲလ်လေးနဲ့ အလွယ်လိုက်ပြီး Root ဖောက်ခြင်းဟာ ရေရှည်မှာ ဆိုးကျိုးအရမ်းများပါမယ်။ ဘတ်ထရီ ပိုပူလာမယ်၊ ဘတ်ထရီပိုကုန်မြန်လာမယ်၊ ဖုန်းလေးလာမယ် ထစ်လာမယ် ဟန်းလာမယ်။ အများကြီးမှ အများကြီး သေချာလေ့လာကြည့်ရင် မသင့်တော်ပါဘူး။ကိုယ့်ဖုန်းကိုရေရှည်မှာ ကောင်းကောင်းသုံးချင်တယ် ဆိုရင်ပေါ့။
တရုတ် Android စက်ရုပ်ဖုန်းတွေကို မပြောချင်ပေမဲ့ Samsung လိုအကောင်းစား ဖုန်းတွေကို တရုတ်ဆော့ဝဲလ်နဲ့ Root မဖောက်ပါနဲ့ Samsung ဖုန်းများကို ဖြစ်နိုင်လျှင် ကွန်ပြုတာ အသုံးပြုပြီး Odin ကတဆင့် CF Auto Root နဲ့ဘဲ Root ကြပါလို့ အကြံပေးချင်ပါတယ်။ Samsung ကို မှန်ကန်သော Root ဖောက်နည်း နောက်တမျိုးက CWM သွင်းပြီး Root Zip ဖိုင်ကို CWM ကနေ Installe နည်းပါဘဲ။ ကွန်ပြုတာ အခက်အခဲ ရှိရင်တောင် ဆိုင်တွေမှာ လုပ်ခိုင်းသင့်တယ်။ တရုတ်ဆော့ဝဲလ်နဲ့ အလွယ်လိုက်ပြီး ဖောက်လိုက်လို့ ရေရှည်မှာ ပြသနာ Erro ရှိရင် Root ကြောင့်လို့ တချို့က ထင်သွားကြတယ်။ တကယ်တော့ ကိုယ့်အမှားပါ။

တချို့တွေက ဖုန်းကို Root ဖောက်ပြီး ဖုန်းပိုပူလာတယ် ပိုထစ်လာတယ်ဆိုပြီး Unroot ဆော့ဝဲလ်တစ်ခုခုနဲ့ Root ပြန်ထုတ်တတ်ကြတယ်။ ဒါမှားပါတယ်။ မ Root ခင်က သေချာစဉ်းစားရမှာပါ Root ပြီးတဲ့ဖုန်းတလုံးကို ဆော့ဝဲလ်လေးနဲ့ Unroot ပြန်လုပ်ရုံနဲ့ Root မကြိုက်လို့ Root ပြန်ဖြုတ်ချင်လျှင် Firmware ပြန်တင် ဒီတနည်းသာ ရှိပါတယ်။

စက်ရုပ်ဖုန်း လက်ဝယ်ကိုင်ထားလျှင် Root ဖောက်ကြပါ ရအောင်ဖောက်ကြပါ။ ဒါမှသူများလန်းသလို ကိုယ်လည်း လန်းနိုင်မယ် စိတ်ကြိုက်ချယ်လယ်နိုင်မယ် စိတ်ကြိုက်ဆော့ဝဲလ် အသုံးပြုနိုင်မယ် ပညာရမယ် အသိတရား တိုးပွားမယ်။

ဒါပေမဲ့............. Root နည်းမှန်ပါစေ။

0 评论:

发表评论